Your Business Partner
Founded in 2014

NS_RKTV

စားသောက်ဆိုင်သုံး POS Software ဖြစ်တဲ့ NS_RKTV (Version 5) အသစ်ကို

Download Link နှင့်တကွ စမ်းသပ်အသုံးပြုနိုင်ရန် တင်ပေးလိုက်ပါတယ် …

အခု နောက်ဆုံး Version မှာ အသစ်ထပ်တိုးလိုက်တဲ့ အရာတွေကတော့ …

 

*** Display Feature ***

Kitchen, Bar စတဲ့နေရာတွေမှာ အရင်အသုံးပြုကြတဲ့ Slip Printer တွေအစား

တက်ဘလက်အသုံးပြုပြီး အော်ဒါများကို Kitchen Display တွင် ပြပေးနိုင်ပါပြီ …

All Wireless ဖြစ်သွားတဲ့အတွက်ကြောင့် …

ကြိုးရှုပ်ထွေးမှုများ၊ ကြိုးသွယ်ရခြင်း၊ ကြိုးခေါင်းလွတ်ခြင်း

(လုံးဝ) မရှိတော့ပဲ … Display ကို (5) လုံးအထိ ထားနိုင်တဲ့အပြင် …

လိုအပ်သလို နေရာရွှေ့ပြောင်းနိုင်ပါတယ် …

Printer များ အသုံးပြုရန် မလိုအပ်တော့ပါ …

စက္ကူလိပ်များ ၀ယ်ရန်မလိုအပ်တော့ပါ ….။

 

*** Waiter & Girl Bonus Feature ***

Waiter  နှင့် Girl တစ်ဦးချင်းစီရဲ့ အော်ဒါမှာယူခဲ့တဲ့ ဟင်းပွဲတွေနဲ့ သောက်စရာတွေကို

မှတ်ထားပေးတဲ့အတွက် လကုန်ရင် % နဲ့ ပြန်ရှင်းနိုင်တဲ့အပြင် % မှာလည်း

ကြိုက်သလိုပြောင်းလို့ရသွားပြီ … Girl မရှိပါက/မလိုအပ်ဘူးရင်လည်း

၎င်း Feature ကို ပိတ်ထားလို့ရသေးတယ် ….။

 

*** Taste Feature ***

တစ်ယောက်တမျိုး အရသာမတူအောင် မှာတဲ့ ကိစ္စတွေအတွက် Taste ကို

အတိအကျ လွယ်လွယ်ကူကူ အော်ဒါပေးတဲ့အချိန်မှာ ထည့်မှာလို့ရတယ် …။

(စာရိုက်ပေးဖို့ မလိုအပ်ဘူး)

 

*** Switchable Devices ***

တက်ဘလက်တွေကို လိုသလို ပြောင်းသုံးနိုင်တယ် …

ဥပမာ – တက်ဘလက် ၅ လုံးရှိတယ် .. ၂ လုံးကို Kitchen နှင့် Bar မှာ သုံးထားတယ် …

၃ လုံးကို အော်ဒါမှတ်ဖို့ထားထားတယ်…  အဲ့အချိန်မှာ Kitchen က တက်ဘလက် ပျက်သွားတယ်

ဒါ့ကြောင့် တက်ဘလက် တလုံးကို Kitchen Mode အဖြစ် ပြောင်းပြီး အလုပ်ဆက်လုပ်နိုင်တယ်

အော်ဒါကို လက်ကျန် ၂ လုံးနဲ့ ဆက်လုပ်နိုင်တယ် … ရွှေ့ပြောင်းခြင်းကိစ္စကို

ခလုတ်တစ်ချက် နှိပ်ရုံနဲ့ အလွယ်တကူ ရွှေ့ပြောင်းနိုင်တယ် …။

 

*** Split Bill ***

ကိုယ်စားကိုယ်ရှင်းစနစ်အတွက် Bill ကို ခွဲထုတ်နိုင်တယ် …။

ဥပမာ

  1. ကြက်သားလုံးချိုချဉ်
  2. Beer
  3. Ph 7
  4. Lipo
  5. တုံယမ်းဟင်းချို (ကြက်) လို Bill မျိုးတွင် 1 နှင့် 3 သည် တစ်ဦး

2,4,5 သည် တစ်ဦး စသဖြင့် Multi Select လုပ်ပြီး ခွဲထုတ်ပေးနိုင်တယ် …။

 

*** Automatic Backup ***

ယခင်လို ခလုတ် တစ်ချက်နှိပ်ပြီး Backup ပြုလုပ်ပေးဖို့ မလိုအပ်တော့ဘူး

အော်တို လုပ်ပေးပါပြီ …။

 

အခြား Feature တွေကတော့ ယခင် Version 4 အတိုင်း အကုန်ပါဝင်နေဆဲ ဖြစ်ပြီးတော့ ..

စာရှည်သွားမှာစိုးလို့ Version 4 အကြောင်း ထည့်မရေးတော့ပါဘူးခင်ဗျာ …

 

*** မေးလေ့ရှိသော မေးခွန်းများ နှင့် အဖြေများ (Q & A) ***

Super User (ကျွမ်းကျင်သူ) ဆိုပါက ကျော်သွားပြီးတော့

ပို့စ်အောက်ဆုံးက Short Notes လေးပဲ ဖတ်ပေးပါဗျ …

အဆင်ပြေပါလိမ့်မယ် …

 

(1) စမ်းသုံးကြည့်ချင်တယ် ဘယ်က စလုပ်ရမလဲ ??

ကွန်ပျူတာကို အင်တာနက်ချိတ်ပါ …

www.teamviewer.com မှ တစ်ဆင့် Team Viewer ကို စက်ထဲသွင်းထားပါ

အခက်အခဲရှိရင် Team Viewer သွင်းနည်းကိုတော့ ဒီကနေ ကြည့်ရှုပေးပါ

 

 

Software Download Link ကတော့ ဒီမှာပါ

Download ဆွဲရန်လင့်ခ်

http://www.mediafire.com/file/hcxxg0xllnqp156/NS_RKTV5.rar

 

နှိပ်လိုက်တာနဲ့ ဘာမှ မမေးပဲ တန်းပြီးတော့ ဒေါင်းလုပ်ဆွဲပါလိမ့်မယ်

ဆွဲလို့ရတဲ့ဟာကို ဖြည်ပြီးတော့ ရလာတဲ့ Folder ထဲက osdetect ကို

ဖွင့်လိုက်ပါ မိမိစက်အလိုက် 32 ဆို 32 ဖိုဒါထဲကဟာကို Install လုပ်ပါ

64 ဆို 64 ဖိုဒါထဲကဟာကို Install လုပ်ပါ

ပြီးရင် NS_RKTV5 ကိုဖွင့်ပြီးတော့ သုံးလို့ရပါပြီ … ။

အဆင်မပြေပါက Team Viewer သွင်းပြီးတာနဲ့

ဖုန်းဆက်လိုက်ပါ (သို့) Chat Box ကနေ ပြောပေးပါ

စက်ထဲကို ၀င်လာပြီး အဆင်သင့် သုံးနိုင်အောင် လိုအပ်တာ အကုန်လုပ်ပေးသွားပါမယ်

ခေါင်းကိုက်စရာမလိုပါဘူးခင်ဗျာ …

 

(2) ပစ္စည်းလိုအပ်ချက်တွေနဲ့ ဈေးနှုန်းတွေ ???

  1. Computer တစုံ … (Dual Core ဆိုရပီ အမြင့်စားမလို)
  2. Tablet (မိမိအသုံးပြုလိုသလောက် တလုံး 120000 Ks မှ 150000 Ks အထိ အစားစားရှိ)
  • 300000 Ks ကျော်တန် Tablet တွေလည်း ရှိပါတယ်
  1. Wi Fi Router
  • (30000 Ks ကျော်မှ Sim Card စိုက်လို့ရတဲ့ဟာဆို 100000 Ks ကျော်အထိ အစားစားရှိ)
  1. Slip Printer (Nippon,Xprinter တလုံး 130000 Ks မှ 150000 Ks ကြား)
  • (Kitchen, Bar, Upstairs, Barbecue Printer အစား Tablet သုံးလည်းရပါတယ်)
  1. POS Software မှာ တပ်ဆင်သင်ကြားအပြီးအစီး 400000 Ks ဖြစ်ပါတယ်

(စက်အလုံးရေ ၊ တက်ဘလက်အလုံးရေ သတ်မှတ်ထားခြင်းမရှိပါ)

(Menu များပါ Ready ရိုက်ထည့်ပေးတဲ့အတွက် အဆင်သင့် လက်တင်သုံးရုံပါ)

ရန်ကုန်မြို့တွင်း Door to Door တပ်ဆင်ပေးပါတယ် … အခြားမြို့များဆိုလျှင်တော့

လမ်းစားရိတ် ကျခံပေးရပါမယ်ခင်ဗျာ …

 

(3) ဆော့ဝဲ ပျက်သွားခဲ့ရင် ?? Services ???

အသေးစား ပျက်စီးမှု နှင့် အကြီးစားပျက်စီးမှု (၂) မျိုးရှိတဲ့အတွက် …

အဆင့် (၂) ဆင့်နဲ့ ဖြေရှင်းပေးပါတယ် …

အဆင့် (၁) အသေးစား ပြသနာအတွက် Teamviewer Remote ဖြင့် ရှင်းပေးသည့်အတွက်

တစ်ခုခုဖြစ်ခဲ့လျှင် ချက်ချင်းရှင်းပေးနိုင်ပါသည်

အဆင့် (၂) အကြီးစား ပြသနာ (ဥပမာ Server Computer Windows ကျသွားခြင်း)

ဆိုလျှင် ဆိုင်ထိ လာရောက် ပြင်ဆင်ပေးပါတယ် …

နယ်မှ ဖြစ်လျှင် နီးစပ်ရာမှာ Windows ပြန်တင်နိုင်ပြီးတော့

အဆင့် (၁) နဲ့ ပြန်ရှင်းပေးနိုင်ပါတယ် …

<<< ကွန်ပျူတာ Hardisk ပျက်သွားခဲ့လျှင်တော့

Data အဟောင်းများ ပြန်မရတော့မည်ကို

သတိပြုရပါမည် Backup ကို Memory Stick ထဲသို့

နေ့တိုင်းထည့်နိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည် >>>

 

(4) စက်တွေ မ၀ယ်ရသေးဘူး မေးချင်တာတွေလည်းရှိတယ် ???

မ၀ယ်ခင် ရုံးမှာ စိတ်ကြိုက် မေးမြန်းစမ်းသပ်နိုင်ပြီးတော့ …

ပစ္စည်းတွေကို ဈေးနှုန်းအသက်သာဆုံး ဖြစ်အောင် ရွေးချယ် ၀ယ်ယူပေးဦးမှာပါ

ဖုန်း 09778884080, 09972884080, 0943065913

 

SHORT NOTES (For Super User)

  1. Download Setup File from This Link

http://www.mediafire.com/file/hcxxg0xllnqp156/NS_RKTV5.rar

  1. Install (ALL) from 32 bit Folder or 64 bit Folder (based on your windows)
  2. Copy NS_RKTV5 Folder to Local Disk D:\ (or) Somewhere May be C:\
  3. Run NS_RKTV5.exe

That’s all. Enjoy 🙂

If any issue, feel free to contact me

Phones : 09778884080,09972884080,0943065913

Install Teamviewer First Before Getting Live Support.

Thank you.

 

Mr.Zin Minn Laht

Microsoft .NET Software Developer

New Stars Myanmar.

Yangon, Myanmar.

3 Comments

  • edo lynn says:

    အစမ်းသုံးတာ ဖောင့်မမှန်ဘူးဖြစ်နေတယ် အကို
    ဘာfont သွင်းရမာလဲ လမ်းညွှန်ပေးပါဦးအကို

    • zabayin says:

      Website ကို ပစ်ထားမိပြီးတော့ facebook page မှာပဲ လုပ်ဖြစ်နေတာအကိုရေ sorry ပါ …
      ဖုန်းဆက်ပြီးတော့ပဲ ဖြစ်ဖြစ် Facebook မှာ Zin Minn Laht လို့ ရိုက်ရှာပြီး Add ပြီးပဲ ဖြစ်ဖြစ် မေးပေးပါလားခင်ဗျာ

  • zabayin says:

    New Version Released !!! Version 5

Leave a Reply

Your email address will not be published. Required fields are marked *