Your Business Partner
Founded in 2014

Printer Buying Guide

Printer ရွေးချယ်ဝယ်ယူခြင်း

(1) Slip Printer (City Mart ကဲ့သို့ ဘောင်ချာအသေးထုတ်စက်) ရွေးချယ်ဝယ်ယူခြင်း

Xprinter အမှတ်တံဆိပ်

Xprinter ၏ စက္ကူ လိပ်တွင် Coating အလွှာတစ်ခုပါဝင်သည့်အတွက် Slip Voucher ထုတ်ရာတွင် မှင်လုံးဝထည့်ရန်မလိုပါ ..

< ——— > အလျားအကျယ်မှာ 80 mm (3 လက်မခန့်) ရှိပြီး ဘောင်ချာအရှည်မှာ

စက္ကူလိပ်တစ်လိပ်ဆုံးသည်အထိ ထုတ်လို့ရပါသည်။

Xprinter ဈေးနှုန်းမှာ – 120000 Ks ပတ်လည်ရှိပြီး Thermal Laser Type ဖြစ်သည့်အတွက် ခလုတ်နှိပ်ပြီးသည်နှင့် စာရွက်ချက်ချင်းထွက်နှင့်ပြီး ဖြစ်သည်။

Paper Roll ဈေးနှုန်းမှာ တစ်လိပ်လျှင် – 1500 Ks ပတ်လည်ရှိသည်

ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

_________________________

(2) Mono Printer ရွေးချယ်ဝယ်ယူခြင်း (A4, A5 Sizes)

Canon LBP 2900 အမှတ်တံဆိပ်

Canon LBP 2900 သည် A4 (8×12) လက်မ ဘောင်ချာ ထုတ်ရာတွင် (သို့မဟုတ်)

A4 (Portrait 8×12) ကို အလယ်မှ ဖြတ်၍ A5 Size (6×8) ထုတ်ရာတွင် သုံးရန်အတွက် ဖြစ်ပြီး Printer ဈေး 160000 Ks ပတ်လည် ရှိပါသည်။

Cartridge မှင်တောင့်တစ်တောင့်လျှင် – 10000 Ks ပတ်လည်ရှိပြီး A4 ရွက်ရေ 3000 (သို့) A5 ရွက်ရေ 5000 နီးပါး ထုတ်နိုင်သည်။ ၄င်း ဆေးတောင့် မှင်ကုန်သွားပါက 4000 Ks ပတ်လည် ဖြင့် တစ်ကြိမ် (သို့) နှစ်ကြိမ်အထိ မှင်ပြန်ဖြည့်လို့ရသည်။

ဈေးနှုန်းပြောင်းလဲနိုင်ပါသည်။

မှတ်ချက် – အထက်ဖော်ပြပါ ပစ္စည်းများအားလုံးသည် ယခုမှ စက်အသစ်ဝယ်မည့် Customer များအတွက်ကို မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် ဈေးအသက်သာဆုံးနှင့် အကောင်းဆုံးနာမည်ရ Product များကို ရည်ညွှန်းပေးထားခြင်း ဖြစ်ပါသည်

မိမိတွင် စက်ပစ္စည်းများ ရှိပြီးသူဖြစ်ပါကလည်း ရှိပြီးသားစက်များဖြင့်လည်း

ဆက်လက်အသုံးပြု၍ ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *