Your Business Partner
Founded in 2014

SQL Server 2012 Express Installation & Configuring

Part (1) Installation

SQL Server Install မလုပ်ခင် စက်ကို အရင် Restart ချထားရပါမည်

Virus ၀င်နေသော စက်များ ၊ Error တက်နေသော စက်များ

Software Conflict (ဆော့ဖ်ဝဲလ် ငြိနေသောစက်များ) တွင် တင်လို့မရတတ်ပါ

ထို့ကြောင့် SQL Server Install လုပ်မည်ဆိုလျှင် Windows သည် လုံးဝ Clean ဖြစ်နေမှသာ အကောင်းဆုံး ဖြစ်ပါသည်။

အားလုံးအဆင်ပြေပြီဆိုမှ အောက်ပါအတိုင်း တိကျစွာ ဆောင်ရွက်ပါ

Download ပြုလုပ်၍ ရလာသော File အား Run လိုက်ပါ

အောက်ပါအချက်များမှ လွဲ၍ ကျန်သည့်နေရာတိုင်းကို Next သာ ဆက်နှိပ်သွားပါရန်

(1) Name Instance နေရာတွင် SQLExpress ဖြစ်နေသည့်အတိုင်းကို

မပြင်ပါနှင့် ဒီအတိုင်းထားပါ

(2) Windows Authentication Mode နေရာရောက်လျှင်

Mixed Mode SQL and Windows ကို ပြောင်းပေးရမည်

(password တွင် မိမိအားပေးထားသော password အား (၂) ခါစလုံး တူညီစွာ ထားပေးပါရန်)

(3) Installation ပြီးသည်အထိ စောင့်လိုက်ပါ


Part (2) Configuring

Start > All Programs > Microsoft SQL Server 2012 >

Configuration Tools > SQL Server Configuration Manager ကို ဖွင့်ပါ

SQL Server Network Configuration အောက်မှ

Protocol For SQL Express ကို ဖွင့်ပါ

TCP/IP ကို ဖွင့်၍ Enabled မှာ NO ဖြစ်နေသည်ကို YES လို့ပြောင်းထားပေးပါ

ပြီးလျှင် IP Addresses Column သို့သွားပြီး ဟိုး အောက်ဆုံးမှ

IP All မှ TCP Port ကို 1433 လို့ထားပေးပါ

အားလုံးပြီးမှ OK နှိပ်ပေးပါ

SQL Server ကို Restart ချပေးမှ အလုပ်လုပ်ပါမည်လို့ ပြောပါလိမ့်မည်

Yes ပဲ လုပ်ထားလိုက်ပါ .. ပြီးမှ Computer ကို Restart ချလိုက်ပါ ..

ဒါဆိုရင် SQL Server ထိုင်ပြီး သွားပါပြီ ။

Leave a Reply

Your email address will not be published. Required fields are marked *